ဒါက ပြီးခဲ့တဲ့ Article လေးရေးပြီးနောက်မှာ အမေးများတဲ့မေးခွန်းပါ။ ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ပက်သက်ပြီးတော့လည်း အမေးများပါတယ်။ ဒီနှစ်ခုလုံးကို ရေးသွားပါမယ်။
သင်တန်းအတွက်ဆိုရင်
ပထမဆုံးက Professional Certificate တွေယူဖို့ အကြံပေးချင်ပါတယ်။ Computer Science Background နဲ့လာတာမဟုတ်ဘူးဆိုရင် ဒီ Professional Certificate တစ်ခုခုတော့ ယူထားဖို့လိုမယ်ထင်ပါတယ်။ Certificate ရှိသူနဲ့ မရှိသူမှာ အတွေ့အကြုံချင်းတူရင် ရှိသူကို ရွေးကြမှာ ထုံးစံပါပဲ။ နာမည်ကြီးတာ နှစ်ခုရှိပါတယ်။ Google Data Analyst Professional Certificate နဲ့ IBM Data Analytics Professional Certificate ပါ။ ကျွန်တော်ကတော့ နှစ်ခုလုံးလေ့လာဖူးပါတယ်။ IBM ကိုပိုနှစ်သက်ပါတယ်။ ပြီးအောင်လည်း ယူခဲ့ပါတယ်။ အဓိကက Google ကို သဘောမကျတာက R Language နဲ့သင်တဲ့အတွက်ပါ။ Research နဲ့ Analysis အတွက်သီးသန့်ဆိုအဆင်ပြေပေမယ့် Python လို ဘက်စုံသုံး Language တစ်ခုကိုတတ်ထားမယ်ဆို Data Analyst တစ်ယောက်အတွက် အရမ်းအဆင်ပြေပါတယ်။ Resource တွေလည်း ပိုပေါပါတယ်။ Google မှာ ကျွန်တော်သဘောကျတာက Data Visualization အတွက် Tableau နဲ့သင်ပေးတာပါ။ Tableau Public မှာက ကိုယ့် Project တွေကို ပြထားလို့ရတဲ့အတွက် Portfolio ပြမယ်ဆို အရမ်းအဆင်ပြေပါတယ်။ IBM မှာတော့ Cognos နဲ့သင်ပေးတာပါ။ Cognos က သူ့ဟာနဲ့သူ မိုက်ပေမယ့် အသုံးအရမ်းနည်းတော့ အဆင်မပြေပါဘူး။
အပြင်သင်တန်းဆိုရင်တော့ Excel နဲ့ Power BI ကို တက်လို့ရပါတယ်။ Local သင်တန်းတွေကိုတော့ ကျွန်တော်လည်း မတက်ဘူးလို့ မညွှန်းပေးတတ်ပါဘူး။ Power BI ကတော့ Youtube ကပဲ လေ့လာခဲ့တာဖြစ်ပြီးတော့ အလုပ်ထဲက အကိုတစ်ယောက်ကလည်း သင်ပေးလို့ ပိုကျွမ်းကျင်လာခဲ့တာပါ။ ဒီနှစ်ခုက ကိုယ့်ဘာသာလေ့လာရုံနဲ့ ရနိုင်တဲ့ဟာဖြစ်လို့ ထူးထူးထွေထွေမပြောတော့ပါဘူး။ IBM မှာလည်း Excel နဲ့ ပက်သက်တာ ပါပါတယ်။
SQL ကိုတော့ Sololearn ကနေ လေ့လာပါတယ်။ ရိုးရိုးရှင်းရှင်းလေးပဲမို့ ဘာမှမခက်ပါဘူး။ Database တွေကို တိုက်ရိုက်သုံးရဖို့ဆိုတာ Local မှာတော့ သိပ်မဖြစ်နိုင်ပါဘူး။ Excel နဲ့ပဲအလုပ်လုပ်ကြတာများပါတယ်။ အကယ်၍ ဒေတာအများကြီးကိုင်ရလို့ ကိုယ့်ဘာသာ Data Mart ဆောက်ရမယ်၊ Database သုံးခွင့်လည်းပေးမယ်ဆိုရင်တော့ Using Databases with Python ဆိုတဲ့ Course ကို recommend ပေးပါတယ်။ University of Michigan က Dr.Chuck သင်တာပါ။ ဒီ Course ကို ပြီးသွားရင် ဘယ်လို Database မျိုးကိုမဆို သုံးတတ်သွားပါလိမ့်မယ်။ တစ်ခုနဲ့တစ်ခုက ခပ်ဆင်ဆင်တွေမို့ပါ။
Python ကကျတော့ IBM Data Analyst မှာလည်း ပါပေမယ့် သူက အကျဉ်းချုပ်ဆန်ပါတယ်။ အကျယ်နားလည်ချင်ရင်တော့ ကိုယ့်ဘာသာတော်တော်များများ လိုက်လေ့လာရမှာပါ။ ကျွန်တော့်တုန်းကတော့ Python for Everybody ကို အရင်တက်ပါတယ်။ ပြီးတော့ Python Crash Course စာအုပ်ကနေ Object Oriented Programming ကို လေ့လာပါတယ်။ Data Analyst အတွက်မလိုပေမယ့် Programming သဘောတရားကိုတော့ ပိုပြီးနားလည်သွားစေပါတယ်။ Python နဲ့ Data Analysis လုပ်ဖို့အတွက် Library တစ်ခုဖြစ်တဲ့ Pandas ကို နားလည်ရပါမယ်။ IBM Data Analyst မှာလည်း ပါပါတယ်။ နောက်ပြီးတော့ Meta က သင်ပေးတဲ့ Introduction to Data Analytics Course မှာလည်း လေ့လာနိုင်ပါတယ်။ အချိန်မရရင် IBM Data Analyst ကသင်ပေးတဲ့ Python နဲ့ Meta ကသင်ပေးတဲ့ Python Course နှစ်ခုကို အရင်လေ့လာလိုက်ပါ။ ပြီးမှ Python for Everybody ကိုလေ့လာပါ။ Python Crash Course စာအုပ်ကလည်း လုံးဝလက်စွဲထားသင့်တဲ့စာအုပ်ပါ။ Programming က အတွေ့အကြုံကလည်း စကားပြောတာမို့ Project တွေ များများလုပ်ကြည့်ဖို့ပဲ တိုက်တွန်းပါတယ်။ Error တက်ရင်း Google ခေါက်ရင်း ကျွမ်းကျင်လာမှာပါ။
အလုပ်အကိုင်ကတော့ လောလောဆယ်အရတော့ Position တစ်ခုကို လူငါးဆယ် တစ်ရာလောက် ဝိုင်းတိုးနေကြရတာပါပဲ။ ပြဿနာက ကုမ္ပဏီတွေက Training ပေးဖို့ထက် အသင့်သုံးကိုပဲ လိုချင်တာပါ။ ဒီတော့ ကိုယ်က Project များများလုပ်ဖူးဖို့ လိုပါတယ်။ Education အရ Certificate များများရှိဖို့လည်း လိုပါမယ်။ တကယ်လည်း လုပ်နိုင်ဖို့လည်း လိုပါမယ်။ ကျွန်တော့်တုန်းကတော့ Linkedin မှာ လာဆက်သွယ်တာပါ။ အပြင်မှာ Freelance လုပ်ပေးခဲ့ဖူးသူဖြစ်လို့ Project Experience ရှိပြီးသားဖြစ်နေတော့ အလုပ်လျှောက်ပြီးတာနဲ့ အင်တာဗျူးတွေရပါတယ်။ အဓိကက Project ကောင်းကောင်းပြနိုင်ဖို့လိုပါတယ်။ အရွေးမခံရရင်လည်း စိတ်ဓာတ်မကျပါနဲ့။ တခါတလေ ကိုယ်ကအရမ်းမြင့်နေရင်လည်း သူတို့က မခေါ်ပါဘူး။ ဥပမာ - Excel ထဲမှာပဲ Data Analysis လုပ်တတ်တဲ့အဖွဲ့အစည်းတွေက ကုဒ်တွေရေးတတ်၊ Database တွေ ဆောက်တတ်တဲ့ကောင်ကို မခေါ်ပါဘူး။ သူတို့အတွက် လိုလည်းမလိုပါဘူး။ အပြင် Project ရဖို့ဆို Upwork မှာတိုးကြည့်ပါ။ လွယ်တာကတော့ မလွယ်ပါဘူး။ ဒါပေမယ့် Upwork မှာအောင်မြင်သွားရင်လည်း Local ကိုတော့ လှည့်ကြည့်စရာကိုမလိုတော့ပါဘူး :D ။ Youtube မှာလည်း Tutorial တွေ အများကြီးရှိပါတယ်။
Data Analyst အလုပ်တွေက အရင်က အရမ်းပေါပါတယ်။ နောက်ပိုင်းကျ Data နဲ့ တကယ်အလုပ်လုပ်တဲ့ Foreign Company တွေထွက်သွားတော့ အလုပ်လည်း ရှားသွားပါတယ်။ ဒါပေမယ့် အခုက Data ခေတ်ပါ။ Data မပါဘဲ ဘယ်လိုမှ အလုပ်လုပ်လို့မရပါဘူး။ Experience ရှိလာပြီဆိုရင် အလုပ်က ကိုယ့်နောက်လိုက်လာပါတယ်။ ကျွန်တော်ဆိုရင် လက်ရှိအလုပ်မှာလုပ်နေတုန်း အလုပ်လာလျှောက်ဖို့ Recruiter တွေလာဆက်သွယ်တာ အကြိမ်ရေမနည်းတော့ပါဘူး။ တကယ်ဝါသနာပါတယ်ဆိုရင် ကြိုးစားကြည့်ပါ။ Self Study အားကောင်းဖို့နဲ့ Google ကောင်းကောင်းခေါက်တတ်ဖို့တော့ လိုပါတယ်။ တခုခုဆို ကိုယ့်ဘာသာ ရှာမကြည့်ဘဲ သူများကိုပဲ အားကိုးနေတတ်သူဆိုရင်တော့ ဒီ Career ကို မရွေးပါနဲ့လို့ပဲ ပြောပါရစေ။ ကိုယ့်ဘာသာပဲ လေ့လာရမယ့်အရာတွေ အရမ်းများလို့ပါ။
ကျွန်တော်ပြောသမျှ Course တွေက Coursera မှာရှိပါတယ်။ Link တွေလည်းထည့်ပေးလိုက်ပါတယ်။ အဆင်ပြေကြပါစေ။
IBM Data Analyst Professional Certificate
https://www.coursera.org/professional-certificates/ibm-data-analyst?=
Share Data through the Art of Visualization
https://www.coursera.org/learn/visualize-data?specialization=google-data-analytics
Meta Introduction to Data Analytics
Sololearn - SQL
https://www.sololearn.com/learning/1060
Using Databases with Python