1.1 ကိုယ်သယ်လို့ရတဲ့ Skills တွေကို စာရင်းလုပ်ပါ။
Career Change တဲ့အခါ အရင်အလုပ်က Skills တွေ၊ သင်ယူဖူးတာတွေ အားလုံးကို စွန့်ပစ်လိုက်စရာမလိုပါဘူး။ Data Analysis ပိုင်းမှာအသုံးချရမယ့် တန်ဖိုးရှိတဲ့ Skill တွေကို သယ်လာလို့ရပါတယ်။
ဥပမာ -
Accounting → Excel, financial modeling, attention to detail, reconciliation logic
Sales → CRM data, pipeline metrics, forecasting, stakeholder communication
Marketing → campaign metrics, A/B testing intuition, customer segmentation
1.2. Skill လိုအပ်ချက်ကို သုံးသပ်ပါ။
Technical ပိုင်းအတွက် SQL, Power BI or Tableau, Descriptive Statistics
Conceptual ပိုင်းအတွက် Data Analysis Framework (data modeling, data cleaning, visualization best practices, etc.)
1.3. ကိုယ်ပေးရမယ့်အချိန် Timeline သတ်မှတ်ပါ။
တစ်ယောက်နဲ့ တစ်ယောက် သင်ယူမှုအမြန်နှုန်း၊ ပေးနိုင်တဲ့အချိန်မတူကြပါဘူး။ တစ်ရက်ကို နှစ်နာရီလောက်လေ့လာမယ်ဆိုရင် များသောအားဖြင့် ၆ လ၊ တစ်နှစ်လောက်ဆို လေ့လာပြီးပါပြီ။ ကိုယ်ဘယ်နှစ်နာရီလောက် စာကြည့်မယ်၊ ပြန်လည်လေ့ကျင့်မယ်ဆိုတာကို သတ်မှတ်ပြီးသေသေချာချာလုပ်ပါ။
1. Power BI or Tableau
Data Analysis Framework, Data Model, DAX, Data Visualizations, Data Management Best Practices တွေကိုလေ့လာပါ။
Kaggle နဲ့ UCI Machine Learning Repository တို့မှာရှိတဲ့ အခမဲ့ Dataset တွေကို အသုံးပြုပြီး လေ့လာထားတာတွေကို ပြန်လေ့ကျင့်ပါ။
လက်ရှိအလုပ်မှာ ရှိတဲ့ဒေတာတွေနဲ့ Dashboard တွေ ဆောက်ကြည့်ပါ။
2. SQL
ဈေးဆစ်လို့မရတဲ့ Skill ပါ။ Database ဆောက်တတ်ဖို့အထိ မလိုပါ။ HackerRank, LeetCode တို့မှာ ပြန်လည်လေ့ကျင့်ပါ။ SQL + Power BI တွဲပြီး Project လုပ်ပါ။
3. Statistics
Descriptive နဲ့ Inferential နှစ်မျိုးရှိပါမယ်။ Descriptive ပိုင်းကို မဖြစ်မနေသိရပါမယ်။ Inferential ကတော့ Research နဲ့ Hypothesis Testing ပိုင်းအတွက်ဆိုတော့ သိထားရင်ကောင်းပါတယ်။ Marketing Data Analyst လုပ်မယ့်သူတွေကတော့ သိရပါမယ်။
4. Python
Power BI, SQL, Statistics တို့ရရင် အဆင်ပြေပါပြီ။ ဒါပေမယ့် ကိုယ်က နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူဆိုရင်တော့ Python Programming လေ့လာပါ။ ပြည်တွင်းမှာဆိုရင်လည်း တတ်ထားတာက အများကြီးအထောက်အကူဖြစ်ပါလိမ့်မယ်။ တချို့အလုပ်တွေက Programming သိထားရင် Manual လုပ်နေရတဲ့အပိုင်းတွေကို လျှော့ချနိုင်ပါတယ်။ Data Science နဲ့ Data Engineering ပိုင်းတို့ကို သွားဖို့အတွက်လည်း မရှိမဖြစ်လိုလာမှာကြောင့်ပါ။
အလုပ်ဝင်ပြီးသားဖြစ်လို့ ကုမ္ပဏီတွေရဲ့ အလုပ်လုပ်ပုံတွေကို သိထားပြီး ဖြစ်ပါတယ်။ ကိုယ့်အလုပ်က ရခဲ့တဲ့ အသိပညာတွေကို အသုံးချပါ။
ဥပမာ -
Accountants တွေဆို P&L, budgeting, variance analysis တို့ကို နားလည်ပြီးသားပါ။
Sales/marketing တွေဆို funnels, CAC, LTV, conversion metrics တွေကို သိပြီးသားဖြစ်ပါလိမ့်မယ်။
ဒေတာကနေ Business အတွက် ဘယ်လိုမေးခွန်းတွေကို ဖြေပေးနိုင်မလဲဆိုတာ စဉ်းစားပြီးလုပ်ဆောင်ပါ။
နေ့စဉ်ဖြတ်သန်းနေတဲ့ အလုပ်မှာ Data Analysis ကို ထည့်သွင်းလုပ်ဆောင်ပါ။
ကုမ္ပဏီဘက်က လစာဒီလောက်ပဲပေးလို့ လုပ်မပေးဘူးဆိုတာမျိုး တွေးမနေပါနဲ့။ ကိုယ့်ရဲ့လုပ်ဆောင်မှုဟာ ကိုယ့်ရဲ့ Growth ပါပဲ။
ဒီအတွေ့အကြုံက Data Analyst စစ်စစ်အဖြစ် ကူးပြောင်းချိန်မှာ အထောက်အကူရပါလိမ့်မယ်။
ကိုယ့်နယ်ပယ်နဲ့သက်ဆိုင်တဲ့ Project တွေကို ၃ ခုကနေ ၅ ခုအထိ လုပ်ပါ။
ဥပမာ -
1. Ex-accountant: expense anomaly detection, budget vs. actual dashboard
2. Ex-sales: pipeline conversion analysis, churn prediction
3. Ex-marketing: campaign ROI dashboard, customer segmentation
ကိုယ်လုပ်ထားတာတွေကို စနစ်တကျ Documentation ရေးပြီး GitHub, Portfolio Website, Linkedin တို့မှာ တင်ထားပါ။
Business Problem က ဘာဖြစ်နေတယ်ဆိုတာကနေ အစချီပြီး ကိုယ်ဘာတွေကို ဘယ်လိုအဆင့်လိုက်ဖြေရှင်းသွားတယ်ဆိုတာ ပေါ်လွင်အောင်ရေးပါ။ (Getting things done is necessary. Businesses want solutions. ဆိုတာ အမှတ်ရပါ။)
လေ့လာရာမှာ စနစ်တကျရှိဖို့ လိုပါတယ်။ Free or Paid ကိုယ်အဆင်ပြေရာ ရွေးနိုင်ပါတယ်။
Free - freeCodeCamp, Kaggle Learn, Microsoft Learn
Paid - Coursera, DataCamp, Udemy
Bootcamp - ကုန်ကျစရိတ်ကို ထည့်စဉ်းစားပါ။ လုပ်ငန်းခွင် Experience ရှိသူတွေဆီက သင်ယူပါ။
ကိုယ်ရောက်နေတဲ့နိုင်ငံမှာ Job Market မကောင်းသေးရင်၊ ကိုယ်ကလည်း မတတ်နိုင်ရင် Free ကို ဦးစားပေးလေ့လာပါ။ အလုပ်ခေါ်စာတွေမှာပါတဲ့ Skill တွေနဲ့ ကိုက်ညီတဲ့သင်ခန်းစာတွေကို ရွေးတက်ပါ။
Microsoft Power BI Data Analyst လိုမျိုးက ကိုယ့်အတွက် Credibility ရစေပါတယ်။ ဒါပေမယ့် Portfolio Project တွေ မလုပ်ဘဲ Certification တွေကိုပဲ အားကိုးတာမျိုး မလုပ်စေချင်ပါ။ Technical Test မှာကျပါလိမ့်မယ်။ Project မလုပ်ဖူးသူကို ဘယ်အလုပ်ရှင်မှ စိတ်မဝင်စားပါ။
Mentor ရှာပါ။
Linkedin မှာ Data Analysis ပိုင်းနဲ့သက်ဆိုင်သူတွေကို Follow လုပ်ထားပါ။
Data Analysis နဲ့ဆိုင်တဲ့ Group တွေကို ဝင်ပါ။
(ကိုယ်ဉာဏ်မမှီတာနဲ့ပဲ Data Analysis က မရပါဘူး၊ အရမ်းခက်တယ်ပြောနေတဲ့ ဘူကောင်တွေ ရှိနေတတ်တာကိုတော့ သတိပြုပါ။ စိန်အကြောင်း၊ ကျောက်အကြောင်းသိချင်တာကို အုတ်ဖုတ်တဲ့သူဆီ သွားမေးလို့မရဘူးဆိုတာ မမေ့ပါနဲ့။ ဖြစ်မြောက်ပြီးသွားသူတွေရဲ့ အကြံဉာဏ်ကိုသာ လက်ခံပါ။)
ကိုယ့်အမျိုးတွေ၊ သူငယ်ချင်းတွေ၊ လေးစားရသူတွေကို ကိုယ် Career Change ဖို့ ပြင်ဆင်နေကြောင်းပြောပါ။
ကြီးကြီးကျယ်ကျယ်တွေ ပြောပါ။ ဒါမှ စာလုပ်ဖြစ်မှာပါ :D ။ ကြီးကြီးကျယ်ကျယ်တွေပြောပြီး ဖြစ်မလာရင် ရှက်စရာကြီးကိုး :D။
ကိုယ့်လက်ရှိကုမ္ပဏီ၊ လက်ရှိလုပ်ငန်းနယ်ပယ်ထဲက Analyst position တွေကို အရင်ဦးစားပေးရှာပါ။ အတွေ့အကြုံရှိပြီးဖြစ်လို့ ကူးရတာပိုလွယ်ပါတယ်။
ဥပမာ -
Accountant → Financial Data Analyst
Sales Professional → Sales/Revenue Analyst
Domain Knowledge ကို တန်ဖိုးထားအသိအမှတ်ပြုတဲ့လုပ်ငန်းနယ်ပယ်တွေကို ပစ်မှတ်ထားပါ။
ဥပမာ -
1. Fintech (accounting background),
2. SaaS (sales background),
3. E-commerce (marketing background)
Resume/CV ကို ပြန်ပြင်ပါ။
ပြီးခဲ့တဲ့အလုပ်တွေနဲ့ လက်ရှိအလုပ်တွေမှာ Data Analysis နဲ့ပက်သက်ပြီး ကိုယ်လုပ်ဖူးတာတွေကို ဦးစားပေးရေးပါ။
Data Analyst Language နဲ့ ကိုယ့်ရဲ့ရလဒ်တွေကို ရေးပါ။
ဥပမာ - reduced reconciliation time by 30% using Excel automation
LinkedIn headline/summary မှာ "Data Analyst" ကိုစိတ်ဝင်စားပြီး လုပ်ဆောင်နေတဲ့ Working Professional အဖြစ် ရေးသားပါ။ မရေးတတ်ရင် AI ကို မေးပါ။
လျှောက်တာတော့ အကုန်လျှောက်ရမှာဆိုပေမယ့် Technical Skill အပြင် Domain Knowledge ရှိထားရင် ပိုကောင်းမယ်ဆိုတဲ့ အလုပ်ခေါ်စာတွေကို ပိုဦးစားပေးပါ။
Recruiter တွေ၊ Manager တွေနဲ့ မိတ်ဖွဲ့ပြီး အလုပ်ခေါ်စာအတွက် စိတ်ဝင်စားကြောင်း၊ ကိုယ်ဘာတွေ လုပ်ဆောင်ထားကြောင်း ကောင်းကောင်းမွန်မွန်နဲ့ အကျဉ်းချုပ် ပြောပြပါ။
YouTube tuorials တွေထဲမှာ အလွန်အကျွံ အချိန်ကုန်သွားတာမျိုး မလုပ်ပါနဲ့။ ဟိုတစ်စ ဒီတစ်စနဲ့ ဘယ်မှမရောက်ဘဲနေပါမယ်။ တကယ့် Project တွေ လုပ်ဆောင်ပါ။ ကျွန်တော် ဘာကိုဆိုလိုသလဲ တွေ့လာပါလိမ့်မယ်။
Skill အားလုံးကို လေ့လာဖို့ မကြိုးစားပါနဲ့။ Power BI, SQL, Statistics အစဉ်လိုက်လေ့လာပါ။
Python Programming ကို နောက်မှလေ့လာပါ။ အချိန်ပေးနိုင်ရင်တော့ လုပ်ပါ။
ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံကို အထင်မသေးပါနဲ့။ ဒါဟာ အားသာချက်အကြီးကြီးပါ။ Domain Knowledge ကိုဦးစားပေးတဲ့ Analyst Position တွေအတွက် ကိုယ်က First Choice ဖြစ်လာပါလိမ့်မယ်။ (Technical Skillset) ကိုသာ အပြည့်ဖြည့်ထားပါ။
Power BI + SQL ရထားပြီဆိုကတည်းက အလုပ်တွေစလျှောက်ပါ။ Power BI + SQL + Statistics + Python အားလုံးပြည့်စုံမှ လျှောက်မယ်မလုပ်ပါနဲ့။
Bottom line:
အမြန်ဆုံးပြောင်းလဲနိုင်မယ့်လမ်းကြောင်းကတော့ ကိုယ့်ကိုယ်ကို လုပ်ငန်းစုံဝင်လုပ်မယ့် Data Analyst တစ်ယောက်အဖြစ် ပုံမသွင်းဖို့ပါ။
ကိုယ့်ကိုယ်ကို နှလုံးသွင်းထားရမှာက မိမိရဲ့နယ်ပယ် (Accounting, Sales, Marketing, စသဖြင့်) ကို သေသေချာချာနားလည်ထားတဲ့ Data Analyst တစ်ယောက် ဖြစ်လာရမယ် ဆိုတာပါပဲ။
ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီတွေဘက်ကကြည့်မယ်ဆိုရင်လည်း ဒီလို Domain Knowledge ရှိပြီးသား Data Analyst တွေကို ရှာရတာ ခက်ခဲတဲ့အတွက်ပါ။
ကိုယ့်တန်ဖိုးကိုယ်သိပြီး အောင်မြင်စွာ Career Change နိုင်ကြပါစေ။