Data Analysis Project တစ်ခုလုပ်ဆောင်တယ်ဆိုရင် Decision-makers တွေဖြစ်တဲ့ အဖွဲ့အစည်းရဲ့ လူကြီးတွေ နားလည်မှသာ အသုံးတည့်ပါတယ်။
လူကြီးတွေမှာ ကိန်းဂဏန်းအသေးစိတ်ဇယားတွေ၊ ကုဒ်တွေကို လိုက်ကြည့်ဖို့ အချိန်မရှိပါဘူး။ သူတို့က Dashboard ကိုပဲ ဖတ်မှာပါ။
Power BI က ကိုယ့်ရဲ့တွေ့ရှိချက်ကိန်းဂဏန်းတွေကို နားလည်ရလွယ်စေတဲ့ ရုပ်ပုံကားချပ်တွေ၊ မြေပုံတွေ၊ Interactive ဖြစ်တဲ့ Reports တွေအဖြစ် ပြောင်းလဲပြသပေးနိုင်စေပါတယ်။
Data Analyst အလုပ်ခေါ်စာတော်တော်များများမှာ Power BI ကို တွေ့ရပါလိမ့်မယ်။ သူနဲ့အပြိုင်ဖြစ်နေတာကတော့ Tableau ပါ။ ကုမ္ပဏီအများစုက Microsoft ရဲ့လုပ်ငန်းသုံးဆော့ဖ်ဝဲတွေဖြစ်တဲ့ Excel, Word, Teams စတာတွေကို ရင်းနှီးပြီးသားဖြစ်လို့ Analysis ကို သွားတော့မယ်ဆိုရင် Power BI ကို ရွေးချယ်လေ့ ရှိပါတယ်။
Power BI ကိုအသုံးပြုပြီး Excel, Database တို့ထဲက ဒေတာတွေကို ရယူ၊ Cleaning ပြုလုပ်၊ Data Model တည်ဆောက်၊ သိချင်တာတွေကို တွက်ချက်လေ့လာပြီး၊ ရလဒ်တွေကို ရုပ်ပုံကားချပ်တွေနဲ့ Dashboard တည်ဆောက်ကာ မျှဝေနိုင်တဲ့အဆင့်အထိ အားလုံးကို လုပ်ဆောင်နိုင်ပါတယ်။
Excel တစ်ဖိုင်ထဲက ဒေတာတွေကို Analysis လုပ်မယ်ဆိုရင် လုပ်ဆောင်ရအရမ်းလွယ်ပါတယ်။ Excel ကိုအသုံးပြုဖူးတယ်ဆိုရင် Power BI ကိုလေ့လာရတာ သိပ်မခက်တော့ပါဘူး။ အရေးကြီးတဲ့ Data Management နဲ့ Data Analysis Methods တွေကို ဆက်လက်လေ့လာဖို့နဲ့ လေ့ကျင့်ဖို့ပဲ ကျန်ပါတော့တယ်။
Data Model တည်ဆောက်တယ်ဆိုတာ SQL နဲ့အတူတူပါပဲ။ SQL လေ့လာဖူးရင် Power BI ရဲ့ Data Model ကို အလွယ်နားလည်နိုင်သလို Power BI ကိုလေ့လာဖူးရင် SQL ရဲ့ Data Model ကို အလွယ်နားလည်နိုင်ပါတယ်။ ဒါ့အပြင် Data Cleaning နဲ့ Data Analysis Methods တွေရဲ့ သဘောတရားကို တခြား Tools တွေဖြစ်တဲ့ Excel, Python တို့မှာလည်း ပြောင်းလဲ အသုံးချနိုင်ပါတယ်။
Power BI လေ့လာဖူးတယ်ဆိုတာ ပြောရလွယ်ပါတယ်။ တည်ဆောက်ထားတဲ့ Dashboard နဲ့ သုံးထားတဲ့ Data Analysis Method တွေ၊ Dataset တွေကိုကြည့်ပြီး လူတစ်ယောက်ရဲ့လေ့လာမှု အတိမ်အနက်ကို အကဲဖြတ်နိုင်ပါတယ်။ ဒါတွေကိုပြသနိုင်ဖို့ Power BI နဲ့ Project ကောင်းကောင်းတစ်ခု တည်ဆောက်ထားရုံပါပဲ။
အနှစ်ချုပ်ပြောရမယ်ဆိုရင် -
Power BI တစ်ခုတည်းနဲ့ အားလုံးပြည့်စုံပြီလားဆိုရင်တော့ မဟုတ်သေးပါဘူး။ SQL, Statistics အခြေခံနဲ့ Excel အခြေခံတို့ရှိဖို့တော့ လိုအပ်ပါတယ်။ ဒီလေးခုပြည့်စုံရင် သင်ဟာ Junior Data Analyst အဖြစ် စတင်နိုင်မှာပါ။
Power BI သင်တန်းသစ်အကြောင်း
https://www.facebook.com/share/p/19tWZzSp1s/
ကျေးဇူးတင်စွာဖြင့်
ဇော်မျိုးထက်
Python Myanmar Institute
Practical Data Skills for Your Career