လာမယ့် SQL အတန်းမှာ SQL + Power BI နဲ့ SQL + Looker Studio (Data Studio) ဆိုပြီး Project နှစ်ခု ပါဝင်တာတွေ့ပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ -
၁။ အလုပ်မှာချိတ်ဆက်တဲ့ပုံစံအတိုင်း လုပ်ဖူးစေချင်လို့ပါ
SQL ရေးတတ်ရုံနဲ့ မပြီးပါဘူး။ ကိုယ်ရေးထားတဲ့ SQL ရဲ့ ရလဒ်ကို Data Analysis & Visualization Software တွေ ဖြစ်တဲ့ Power BI, Data Studio, Excel စတာတွေနဲ့ ပြပေးရဦးမှာပါ။ ဒါကြောင့် Database ထဲကနေ ဒေတာာတွေကို ဘယ်လိုဆွဲထုတ်ပြီး ဘယ်လို Analysis လုပ်ပြတယ်ဆိုတဲ့ End-to-End Process တစ်ခုလုံးကို ပြသပေးချင်တဲ့အတွက် ဖြစ်ပါတယ်။
၂။ မတူညီတဲ့ချိတ်ဆက်ပုံတွေကို နားလည်စေချင်တဲ့အတွက်ပါ
Data Studio နဲ့ Power BI က Software အမျိုးအစားချင်း၊ အလုပ်လုပ်ပုံချင်း ဆင်တူပါတယ်။ ဒါပေမယ့် Data Model တစ်ခုတည်ဆောက်ရာမှာ အသုံးပြုတဲ့ SQL Query နဲ့ Summarize လုပ်ရာမှာ ရေးတဲ့ SQL Query မတူတဲ့အတွက် နှစ်မျိုးစလုံးနဲ့ ချိတ်ဆက်ပေးရခြင်း ဖြစ်ပါတယ်။
၃။ Portfolio ရစေချင်လို့ပါ
CV ထဲမှာ SQL Skill ကိုရေးထားတာထက် Power BI နဲ့ Database ကို SQL အသုံးပြုပြီး ချိတ်ဆက်ထားတဲ့ Project တစ်ခုက အများကြီး ပိုပြီး Impression ကောင်းစေမှာပါ။ စာတွေ့ရော လက်တွေ့ပါ တည်ဆောက်ပြထားတဲ့ သဘောပေါ့။
SQL ဟာ သင်ရလွယ်တဲ့ Skill တစ်ခုဖြစ်ပြီး ဒါကို တတ်ထားမယ်ဆိုရင် Business မေးခွန်းတွေကို SQL နဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာ သေချာနားလည်သွားစေမယ့်အပြင် ကိုယ့်ရဲ့ Analysis Project တည်ဆောက်ပုံကလည်း Next Level ကို ရောက်သွားစေမှာပါ။
သင်တန်းအကြောင်းအသေးစိတ်ကြည့်ရန်
https://www.facebook.com/share/p/14wAbsy82NV/
Zaw Myo Htet
Python Myanmar Institute
Practical Data Skills for Your Career
Quality Data Analytics Trainings in One Place